About Us


Profile
   အေးချမ်းမေတ္တာကုမ္မဏီ လီမိတက်ကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဆင့်မြင့်လုံခြုံရေးနှင့် ဆက်သွယ်ရေးစနစ်များ အား အစိုးရဌာနဆိုင်ရာများ၊ ကုမ္မဏီများ၊ NGO များ၊ ပုဂ္ဂလိက အလုပ်ရုံများတွင် ၀န်ဆောင်မှုများပေးလျက်ရှိသော ကုမ္မဏီ တစ်ခု ဖြစ်ပါသည်။
   ဆက်သွယ်ရေးနည်းပညာအနေဖြင့်  McWiLL® Broadband အင်တာနက်မိုဘိုင်းဖုန်းစနစ်ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့ ကုမ္မဏီ တို့သို့ စက်ပစ္စည်းနှင့် နည်းပညာများအား ရောင်းချ၊ တပ်ဆင်၊ လည်ပတ်၊ ပြုပြင် ထိန်းသိမ်းဆောင် ရွက်လျက်ရှိပြီး ထိုကဲ့သို့ ဆောင်ရွက်မှုတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ IPR ဖြစ်သော (၂၀၁၀) ခုနှစ် ITU-RM1801 approved
McWiLL® Broadband အင်တာနက်မိုဘိုင်းဖုန်းစနစ်ကို Xinwei Telecom Technology Inc. မှ အေးချမ်းမေတ္တာ ကုမ္မဏီ လီမိ တက်အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့ကုမ္မဏီလီမိတက်တို့နှင့် ဆက်သွယ်ဆောင်ရွက်ရသော သင်တန်းပို့ချ 
ခြင်း၊ နည်းပညာပေးအပ်ခြင်း၊ ငွေပေးငွေယူကိစ္စများဆောင်ရွက်ခြင်း အစရှိသည်တို့ကို တရားဝင်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ၏ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် (၁.၃.၂၀၁၀) ရက်နေ့တွင် တာဝန်ပေးအပ်ထားပြီး (၂၆.၃.၂၀၁၂) ရက်နေ့တွင် Xinwei Telecom Technology Inc. ၏ General Power ကိုပါ ပီကင်းမြို့၊ မြန်မာသံရုံး၏ အသိအမှတ်ပြု လွှဲအပ်ခြင်းရယူထားခဲ့သည့် ကုမ္မ ဏီတစ်ခုဖြစ်ပါသည်။



လုပ်ငန်းအတွေ့အကြုံ
            ဆက်သွယ်ရေးနည်းပညာများနှင့် BTS Station များ တည်ဆောက်တပ်ဆင်သည့် လုပ်ငန်းအတွေ့အကြုံပိုင်းတွင် Xinwei Telecom Technology Inc ၏ 3.5G McWiLL Broadband အင်တာနက်မိုဘိုင်းဖုန်းစနစ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၀၉ ခုနှစ် ဇွန်လတွင် Satellite Transmission Link ဖြစ်သော IP Star ဖြင့် အောင်မြင်စွာ တပ်ဆင် အသုံးပြုစဉ်ကပင် အေးချမ်းမေတ္တာကုမ္မဏီမှ အင်ဂျင်နီယာများ နှင့် Operation Team အနေဖြင့် အတွေ့အကြုံများစွာ ရရှိခဲ့ပါသည်။
            တဆက်တည်းမှာပင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ဗန်းမောက်မြို့၊ ကလေးဝ နှင့် ပင်လယ်ဘူးမြို့များတွင် Lunch ပြုလုပ်စဉ်ကလည်း ပါဝင်လုပ်ကိုင်ခဲ့ပါသည်။ မြန်မာပြည်ရှိ မြို့ပေါင်း (၂၆) မြို့တွင် အရေအတွက်အားဖြင့် Base Transceiver Station (BTS) အလုံးရေ (၅၄) ခုတပ်ဆင်ပြီး ရင့်ကျက်သော အတွေ့အကြုံကောင်းများရရှိခဲ့ပြီး ဖြစ်ပါသည်။
            ထို့အပြင် အေးချမ်းမေတ္တာကုမ္မဏီတွင် အတွေ့အကြုံရင့်ကျက်ပြီးသော အင်ဂျင်နီယာ အများစုပါဝင်ပြီး Mobile Core Network, Transmission Backhaul နှင့် Wireless Network Operation အတွက် တပ်ဆင်ထိန်းသိမ်းဆောင်ရွက်နိုင်သော အရည်အချင်းများရှိသည့်အတွက် မြန်မာပြည်အနှံ့အပြားရှိ မြို့ကြီးများ အပါအ၀င် မြို့ပေါင်း (၃၀၀) ခန့်တွင် Magneto Exchange များမှအစ Digital Auto Exchange ပြောင်းလဲတပ်ဆင်မှု အပိုင်းထိ အတွေ့အကြုံကောင်း များစွာ ရရှိခဲ့ပြီး လုပ်ငန်း အတွေ့အကြုံ (၂၀) နှစ်ကျော်ခဲ့ပြီဖြစ်ပါသည်။ ဈေးများ၊ ဟိုတယ်များ၊ Condominium များ၊ အိမ်ရာများတွင် ePABX System များ (၁၀၀) ကျော်တပ်ဆင်ခဲ့ပြီး ဖြစ်ပါသည်။
            Huawei GSM/WCDMA Exchange Core Network တပ်ဆင်ခြင်း နှင့် CDMA 800 Huawei Exchange တပ်ဆင် ခြင်း လုပ်ငန်းများကို ရန်ကုန်တိုင်း နှင့် နေပြည်တော်တိုင်းဒေသကြီး တို့တွင် ဆောင်ရွက်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသ ကြီး  ၊  နေပြည်တော် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းတွင် GSM/ WCDMA စက် တပ်ဆင်ခြင်းလုပ်ငန်းများ စခန်း (၄၀၀) ခန့်နှင့် ရန်ကုန်တိုင်းဒေသကြီး နှင့် နေပြည်တော်တိုင်းဒေသကြီးတွင် ZTE GSM/WCDMA မှ Huawei GSM/WCDMA ရေဒီယိုစခန်း (၁၆၀) ခန့် Swap လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် Transmission အနေဖြင့် Huawei Datacom ATN စက်များ နှင့် RTN စက်များကို စခန်း (၁၈၀) ခန့် တပ်ဆင်ခဲ့ပါသည်။ (၂၀၁၃) ခုနှစ် မြန်မာပြည်တွင် ကျင်းပသော Sea Game အတွက် JICA Project မှ 4G LTE စခန်း (၂၀) ခန့်ကို ရန်ကုန်တိုင်းဒေသကြီး အတွင်း တပ်ဆင်ခဲ့ပါသည်။
            အထက်ဖော်ပြပါ Mobile BTS များနှင့် Core Network များကို မိမိ ကုမ္မဏီ နှင့် Telecom Engineer (၅၀) ကျော်ဖြင့် ကြီးကြပ်တာဝန်ယူလုပ်ဆောင်ပြီး Outsourcing အနေဖြင့် Telecom Technician (၁၅၀) ကျော် ခေါ်ယူ ဆောင်ရွက်ခဲ့ပါသည်။ ယခု လိုအပ်လျှင်လည်း ဆက်လက်တာဝန်ပေးနိုင်ပါသည်။
            ဖော်ပြပါ လုပ်ငန်းအတွေ့အကြုံကောင်းများ ရရှိထားပြီး ဖြစ်သည့်အပြင် မြန်မာပြည်၏ တောတောင် ရေမြေသဘာဝ ကို လည်း ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သဖြင့် Microwave လိုင်း (သို့မဟုတ်) Fiber လိုင်း (သို့မဟုတ်) IP Star စသည့် Transmission Backhual ရောက်ရှိပြီးသော မြို့နယ်များတွင် အေးချမ်းမေတ္တာ ကုမ္မဏီမှ အင်ဂျင်နီယာအဖွဲ့အနေဖြင့် (၂) ရက် အတွင်း Base Transceiver Station (BTS) တစ်ခုကို လုံးဝပြီးစီးအောင် လုပ်ကိုင်နိုင်စွမ်းရှိပါသည်။
            ယခု အချိန်အထိလည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် McWiLL BTS Station များ ပုံမှန်လည်ပတ် (Proper Operation) နိုင်ရန် Maintenance ပြုလုပ်ခြင်း၊ အစားထိုး ပစ္စည်းများ လဲလှယ်တပ်ဆင် ခြင်း လုပ်ငန်းများတွင် အေးချမ်းမေတ္တာမှ အင်ဂျင်နီယာများပင်လုပ်ငန်းပုံမှန်လည်ပတ်ရေးအတွက် လုပ်ဆောင်နေပါသည်။